095019658 info@maxtorcurtain.com
Free Delivery in Yangon
10% OFF use code WELCOME10 — New customer 10% off (until 2026-11-22) 10% OFF use code WELCOME10 — New customer 10% off (until 2026-11-22)

#လိုက်ကာလျွှော်သည့်အခါ ဆောင်ရန် / ရှောင်ရန်များ... အိမ်တစ်အိမ်မှာ တပ်ဆင်ထားတဲ့ ခန်းစီးလိုက်ကာတွေက ခမ်းနားမှု လုံခြုံမှု၊ အေးချမ်းမှုကိုပေးသလို လေထုထဲက ဖုန်မှုန့်တွေ၊ အိမ်တွင်းက အမှုန်အမွှားတွေ၊ အနံ့…

#လိုက်ကာလျွှော်သည့်အခါ ဆောင်ရန် / ရှောင်ရန်များ...

အိမ်တစ်အိမ်မှာ တပ်ဆင်ထားတဲ့ ခန်းစီးလိုက်ကာတွေက ခမ်းနားမှု လုံခြုံမှု၊ အေးချမ်းမှုကိုပေးသလို လေထုထဲက ဖုန်မှုန့်တွေ၊ အိမ်တွင်းက အမှုန်အမွှားတွေ၊ အနံ့အသက်တွေနဲ့ အညစ်အကြေးတွေကို စုပ်ယူထားပြီး စုပုံကာ
ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေရဲ့ နေရာတစ်ခု ဖြစ်လာနိုင်တာကြောင့် ပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးရန် မဖြစ်မနေလိုအပ်ပါတယ်…

သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း စနစ်တကျလုပ်ဖို့လိုအပ်ပြီး စနစ်တကျမလုပ်ပါက လိုက်ကာများလျော့ရွဲ ပျက်စီးသွားတာ၊ အရောင်လွင့်သွားတာမျိုးတွေလည်း ဖြစ်တတ်တော့ ဂရုစိုက်ဖို့တော့ လိုမယ်နော်။

ဒါကြောင့် လိုက်ကာများကို စနစ်တကျ ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ…?

#လုပ်ဆောင်သင့်သည့်အချက်များ

ခန်းစီးလိုက်ကာတွေက ပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေး အမှုန်အမွှားလေးတွေ ကပ်​ငြိနေနိုင်တာကြောင့်(၆) လလျှင် အနည်းဆုံး (၁) ကြိမ် ခန်းစီးလိုက်ကာများကို လျှော်ဖွတ်သန့်စင်ပေးပါ။

✅လိုက်ကာတပ်ဆင်ထားသည့် ချိတ်များကို စနစ်တကျဖြုတ်ပါ။
✅အိမ်ပြင်မတွင် ဖုန်မှုန့်များကို ဦးစွာခါပါ။
✅ဆပ်ပြာရေနှင့် ညင်သာစွာလျှော်ပါ။
✅ရေများများဖြင့် ဆပ်ပြာစင်အောင်ဆေးပါ။
✅လျှော်စက်သုံးပါက ပြင်းအားအနည်းဆုံးကိုသာ ရွေးပြီးလျှော်ပေးပါ။ အပူချိန်ကို သတိထားပါ။ ရေအေးနဲ့ လျှော်ခြင်းကသာ ကောင်းဆုံးဖြစ်ပြီး အပူချိန်မြင့်ရင် လိုက်ကာ ကျုံ့သွားနိုင်ပါတယ်။
✅ပိုးသား/လီနင်လိုက်ကာများကို Dry Cleaning သာလုပ်ပါ။

#အခြောက်ခံနည်း

✅တွန့်ကြေလွယ်တဲ့ လိုက်ကာဆိုရင် မခြောက်ခင် အနည်းငယ် စိုနေတုန်းမှာ မီးပူတိုက်ပေးပါ။
✅ရေစစ်ပြီး အနည်းငယ်စိုနေသေးတဲ့ လိုက်ကာကို မီးပူတိုက်ပေးခြင်းက ပိုကောင်းပါတယ် (Fabric မကျုံ့စေရန် ဖြန့်တန်းကာ ဖိပြီးဆွဲပေးဖို့ကိုလည်း မမေ့ပါနဲ့)
✅နေရောင် တိုက်ရိုက် မထိတဲ့နေရာမှာ အခြောက်ခံပါ။

#သတိထားရမည့်အချက်
🚫လိမ်ညှစ်ခြင်း၊ ကြမ်းတမ်းစွာပွတ်ခြင်း ရှောင်ပါ။
🚫နေရောင်ပြင်းပြင်းနဲ့ အခြောက်မခံရ အရောင်တွေ ဖျော့သွားနိုင်ပါတယ်။
🚫အခြား အရောင်ရင့်သောအ၀တ်အစားများနှင့်ရောပြီးမလျှောရ…အရောင်များစွန်းထင်သွားနိုင်ပါတယ်။

လိုက်ကာလည်းသန့်ရှင်းရေးလုပ်ချင်တယ် ပျက်စီးမှာလည်းကြောက်တယ်…ဒီလို…ဒီလိုပြဿနာတွေကို စိတ်မပူရအောင် Maxtor Curtain Gallery က ခန်းစီးလိုက်ကာတွေကို ဝယ်ယူတပ်ဆင်လိုက်ရုံနဲ့ ခန်းစီးလိုက်ကာလျှော်ဖွတ်တဲ့ ဝန်ဆောင်မှုလေးတွေပါ တစ်ပါတည်းရနိုင်တော့ ဒီပြဿနာတွေကို ပူစရာမလိုတော့ဘူးပေါ့…❤️

ဒါကြောင့် ခန်းစီးလိုက်ကာဆို Maxtor Curtain Gallery ကိုသာ အရောက်လှမ်းခဲ့ပါ။

#maxtor_curtain_gallery
#curtainsdesign
#curtains
#blinds
#homedecor

View on Facebook

← Back to Blog Book Appointment

Related

AI Assistant✕
မင်္ဂလာပါ! Curtain / appointment / branch အကြောင်း မေးနိုင်ပါတယ်။